Politics

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ

Skip to main content Friday, April 17, 2026 Show All News လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ ပြည်တွင်းသတင်း By admin_webportal Apr 12, 2026 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီ ရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရေနံတိုးတက်ထုတ်ယူရေးစာချုပ် လက်မှတ်ရေးထိုးပွဲကို နေပြည်တော် Park Royal Hotel ၌ ဧပြီလ ၁၁ ရက်တွင် ကျင်းပခဲ့သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းတွင်း၊ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာတင်ဒါများ ခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆိုကာ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရန် စိစစ်ဆောင်ရွက်လျက်ရှိသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကုမ္ပဏီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ စာမျက်နှာသစ်ကို စတင်ဖွင့်လှစ်သည့် အခါသမယတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းထုတ်လုပ်မှု တိုးမြှင့်နိုင်ရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရေနံစိမ်းထုတ်လုပ်မှုတိုးမြှင့်လာပါက စက်သုံးဆီထုတ်လုပ်မှုလည်း တိုးတက်လာနိုင်မည်ဖြစ်ပြီး ပြည်သူများအတွက် လက်ငင်းအကျိုးကျေးဇူးရရှိမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ နိုင်ငံတော်အနေဖြင့် စက်သုံးဆီလိုအပ်ချက်၏ ၉၇ ရာခိုင်နှုန်းကို တင်သွင်းနေရသည့်အတွက် ကမ္ဘာ့စက်သုံးဆီဈေးကွက်အခြေအနေများအရ ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။ ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတိုးမြှင့်ရေး၊ ရေနံချက်စက်ရုံများ တိုးချဲ့တည်ဆောက်ရေးနှင့် ပြည်တွင်းတွင် ရေနံစိမ်းကို ကိုယ်တိုင်ချက်လုပ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ၁၉၈၂ ခုနှစ်က တည်ဆောက်ခဲ့သည့် သံပရာကန်ရေနံချက်စက်ရုံကိုလည်း အဆင့်မြှင့်တင်၍ စွမ်းအားပြည့်လည်ပတ်နိုင်ရန် ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ North Petro-Chem Corporation (Myanmar) Limited ဥက္ကဋ္ဌကလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စာချုပ်ပါကတိကဝတ်များအတိုင်း ရလဒ်ကောင်းများ အမြန်ဆုံးထွက်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ You May Also Like နိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုအခမ်းအနားတက်ရောက်ခဲ့သည့် ပြည်ပကိုယ်စားလှယ်များ ပြန်လည်ထွက်ခွာ ပြည်တွင်းသတင်း Apr 12, 2026 နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ကြည့်ရှုစစ်ဆေး ပြည်တွင်းသတင်း Apr 12, 2026 အားကစားပြိုင်ပွဲများ ဆုပေးပွဲကျင်းပ ပြည်တွင်းသတင်း Apr 12, 2026 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးထံသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ ပြည်တွင်းသတင်း Apr 12, 2026

Back to top button